ရေနံချောင်း ၂၁ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာဘုရားတွင် ကျင်းပမည့် ရှင်အပါး ၅၀ဝ၀ ရှင်ပြု အလှူပွဲတွင် ပါဝင်ပါရမီဖြည့်မည့် ရေနံချောင်းမြို့နယ် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ ရှင်သာမဏေလောင်း အပါး ၂၀ဝ တို့သည် ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစုရပ်မှ နံနက် ၈ နာရီက ရှင်သာမဏေ ကြို/ပို့မော်တော်ယာဉ်များဖြင့် စတင်ထွက်ခွာသွားကြောင်း သိရသည်။
ထိုသို့ထွက်ခွာရာတွင် မြို့နယ်သံဃနာယကအဖွဲ့ဉက္ကဌဆရာတော်ဦးရေဝတ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော ဦးဆောင်သော ကြီးကြပ်ရေးမော်တော်ယာဉ်တစ်စီး၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရှင်သာ မဏေလောင်းများနှင့် မိဘအုပ်ထိန်းသူများပါဝင်သော လူဦးရေ ၆၅၀ ဦးတို့သည် ရှင်သာမဏေ ကြို/ပို့မော်တော် ယာဉ် ၂၅ စီးဖြင့် ယနေ့နံနက်ပိုင်းက ရေနံချောင်းမြို့နယ်မှ စတင်ထွက်ခွာရာ ပွင့်ဖြူမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာ နားနေဆောင်သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
ကိုစိုးကြီး


