နေပြည်တော် ၂၁ ဒီဇင်ဘာ

 

ပထမအကြိမ် ပိဋကတ်သုံးပုံ နိကာယ်ငါးရပ်ပါဠိတော် (အုပ်ရေ ၄၀) အသံမစဲ ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး လိုဏ်တော်အတွင်း၌ ကျင်းပသည်။

 

အခမ်းအနားတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ပျဉ်းမနားမြို့ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက် ပဓာနနာယက၊ အဘိဓဇ မဟာရဋ္ဌဂုရု နိုင်ငံတော်ဩဝါဒါစရိယ ဒေါက်တာ ဘဒ္ဒန္တကဝိသာရထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

 

mdn

 

ထို့နောက် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့်ဇနီး၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များအား ပိဋကတ်သုံးပုံကျမ်းစာအုပ်၊ ပရိတ်အိုးများနှင့် ပရိတ်ပန်းများကို ဆက်ကပ်လှူဒါန်းကြပြီး နေ့ဆွမ်းဆပ်ကပ်လှူဒါန်းကြသည်။

 

mdn

 

ယင်းနောက် အသံမစဲရွတ်ဖတ်ပူဇော်ပွဲကို ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ ဓမ္မာရုံ၌ ဆက်လက်ကျင်းပရာ ဆရာတော်သံဃာတော်များက ပိဋကတ်သုံးပုံ ဒေသနာတော်များကို အလှည့်ကျ ရွတ်ဖတ်ပူဇော်ကြသည်။

 

mdn

 

ပထမအကြိမ် ပိဋကတ်သုံးပုံ နိကာယ်ငါးရပ်ပါဠိတော် (အုပ်ရေ ၄၀) အသံမစဲ ရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီ ၁၆ ရက်အထိ (၂၇) ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn