၂၂ ဒီဇင်ဘာ
ဖီဖာကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲအဖြစ် လီဗာပူးအသင်းနှင့် ဖလာမင်ဂိုအသင်းတို့ စနေနေ့ ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြပြီး လီဗာပူးအသင်းက ဖေမီနို၏ အချိန်ပိုတွင် သွင်းယူခဲ့သော တစ်လုံးတည်းသော အနိုင်ဂိုး ဖြင့် ဖီဖာကလပ်ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးရယူနိုင်ခဲ့သည်။
လီဗာပူးအသင်းမှာ ဖီဖာကလပ်ကမ္ဘာ့ဖလားကို ဆွတ်ခူးရယူရန် ရေပန်းစားနေခဲ့သော်လည်း ဖလာမင်ဂို အသင်း၏ ကစားပုံကောင်းမွန်မှုကြောင့် ပွဲမှာအကြိတ်အနယ်ရှိခဲ့ပြီး ခက်ခဲသည့် ဗိုလ်လုပွဲဖြစ်ခဲ့သလို ပွဲကစား ချိန် မိနစ် ၉၀ ပြည့်သည်အထိ တစ်ဖက်နှင့် တစ်ဖက်ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ အချိန်ပိုဆက်လက်ကစားခဲ့ရ သည်။ အချိန်ပို ပွဲချိန် ၉၉ မိနစ်တွင် လီဗာပူးအသင်းတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို မာနေး၏ ပေးပို့မှုကတစ်ဆင့် ဖေမီနိုက သွင်းယူနိုင်ခဲ့သည်။
ယင်းဂိုးဖြင့် ဖီဖာကလပ်ကမ္ဘာ့ဖလားကို လီဗာပူးအသင်း ပထမဆုံးအကြိမ် ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ မန်ယူအသင်း ဗိုလ်စွဲခဲ့ပြီးနောက် အင်္ဂလန်အသင်းများထဲတွင် ဒုတိယမြောက် ဗိုလ်စွဲနိုင်သည့် အသင်းဖြစ်လာခဲ့သည်။
MDN