ခန္တီး ၂၂ ဒီဇင်ဘာ
စာရေးဆရာ အောင်သင်း၏ “ကိုယ်ကျင့်နှင့် ပညာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့က ခန္တီးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ခန္တီးမြို့ရှိ စာပေဝါသနာပါသူ ဦးအောင်သိန်းထွန်း၊ ဦးအုန်းလွင်နှင့် ဦးဇော်ထွန်းနိုင် (ခ) ဦးခမ်းမောင်တို့က ဆရာအောင်သင်း၏ “ကိုယ်ကျင့်နှင့် ပညာ” စာအုပ်ပါ စာရေးဆရာ၏ ရေးသားဖော်ပြချက်များကို ပြန်လည်မျှဝေကြသည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသော စာပေဝါသနာပါသူ လူငယ်များက ဆွေးနွေးသွားသည့် စာအုပ်ပါအကြောင်း အရာများနှင့် စာအုပ်ပါဆရာအောင်သင်း၏ ပြောကြားချက်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ ဦးဆောင်ဆွေးနွေးသူ သုံးဦးအပြင် ခန္တီးမြို့ပေါ်ရှိ စာပေချစ်မြတ်နိုးသူများဖြစ်ကြသည့် အစိုးရဝန်ထမ်းများ၊ အစိုးရစက်မှုသိပ္ပံကျောင်းမှ ကျောင်းသား ကျောင်းသူများ တက်ရောက်ဆွေးနွေးခဲ့သည်။
အမ်းအင်းလမ်း (ပြန်/ဆက်)