ဂန့်ဂေါ ၂၂ ဒီဇင်ဘာ
၂၀၁၉-၂၀၂၀ ပညာသင်နှစ် မြန်မာကင်းထောက်အမျိုးသမီး အခြေခံသင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ ၂၁ ရက် နံနက် ၉ နာရီတွင် ဂန့်ဂေါမြို့ အ.ထ.က ပုံညာ ခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ဂန့်ဂေါခရိုင် ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး (စီမံ) ဦးခင်မောင်ရင်က အမှာစကားပြောကြားပြီး တာဝန်ခံကင်းထောက် အမျိုးသမီးနည်းပြ ဆရာမဒေါ်နီလာစန်းက သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
သင်တန်းသို့ ဂန့်ဂေါ၊ ထီးလင်း၊ ဆောမြို့နယ်များမှ ဆရာမများ ၈၀ ဦး တက်ရောက်၍ သင်တန်းကာလ ၃ ရက်ဖြစ်ကြောင်း သိရသည်။
တောင်သားမောင်သန်း