ညောင်ရွှေ ၂၂ ဒီဇင်ဘာ
ရှမ်းပြည်နယ်အတွင်း Sport Tourism ဖော်ဆောင်မှုအဖြစ် Inle By Cycle တောင်တက်လမ်းကြမ်း စက်ဘီးစီးနင်းပွဲကို ယနေ့ နံနက် ၆ နာရီခွဲက ညောင်ရွှေမြို့ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်က အမှာစကား ပြောကြားပြီး Inle By Cycle တောင်တက်လမ်းကြမ်း စက်ဘီးစီးနင်းပွဲကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်နှင့် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
Inle By Cycle တောင်တက်လမ်းကြမ်း စက်ဘီးစီးနင်းပွဲတွင် ၁၅ ကီလိုမီတာနှင့် ၃၀ ကီလိုမီတာ လမ်းကြောင်းနှစ်ကြောင်း သတ်မှတ်၍ ကျင်းပခဲ့ပြီး ပြည်တွင်း စက်ဘီးစီးဝါသနာရှင်များနှင့် ပြည်ပခရီးသွားဧည့်သည်များ စုစုပေါင်း ၉၈၀ ဦး ဝင်ရောက်စီးနင်းခဲ့သည်။
Inle By Cycle တောင်တက်လမ်းကြမ်း စက်ဘီးစီးနင်းပွဲကို ၂၀၁၇ ခုနှစ်မှစတင်၍ ရှမ်းပြည်နယ်အတွင်း အားကစားဖြင့် ခရီးသွားမြှင့်တင်ခြင်း Sport Tourism ဖော်ဆောင်မှုအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေမျိုးသူရိန်