ကျိုက်မရော၂၂ဒီဇင်ဘာ  


မော်လမြိုင်ခရိုင်  ကျိုက်မရော မြို့နယ် လက်ပံကျေးရွာ ကမ်းနားပိုင်းတွင် ယနေ့ နေ့လယ်ပိုင်းက နေအိမ် ၁၅ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ယနေ့  နေ့လယ်  ၂ နာရီ ခန့်က လက်ပံကျေးရွာရှိ ဉီးရွှေ၏ နေအိမ်တွင် ထမင်းပေါင်းအိုးတည်ထား ရာမှ လျှပ်စစ်မီး အပူလွန်ကဲကာ မီးစတင်လောင်ကျွမ်းခဲ့ပြီး အခြားလူနေအိမ်များသို့ ကူးစက်လောင်ကျွမ်းခဲ့ရာ နေအိမ်(၁၅)လုံး ပြာကျဆုံးရှူံးခဲ့ရကြောင်း သိရသည်။

 

‌ေ

 

မီးလောင်ကျွမ်းရာသို့ ကျိုက်မရောမြို့နယ် မီးသတ်ဉီးစီးဌာနမှ မီးသတ်ကား ၇ စီး၊ မော်လမြိုင်မြို့ ခရိုင်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်(၈)စီး၊ အုပ်ချုပ်မှုယာဉ် ၂စီး၊ စုစုပေါင်း မီးသတ်တပ်ဖွဲ့ယာဉ် ၁၅ စီးတို့က မီးလောင်ရာသို့ သွားရောက်မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ညနေ ၃ နာရီ အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

 

‌ေ

 

အဆိုပါ မီးလောင်မှုကြောင့် လူနေအိမ် ၁၅ လုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး လူနှင့်အခြား တိရစ္ဆာန်များ ထိခိုက်မှုမရှိခဲ့ကြောင်းနှင့် မီးစတင်လောင်ခဲ့သော အိမ်ရှင် ဉီးရွှေ  အသက်(၄၇)နှစ်အား မီးလောင်မှု နှင့်ပတ်သက်၍ စုံစမ်းအရေးယူလျက်ရှိကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး (ကျိုက်မရော)