နေပြည်တော် ၂၃ ဒီဇင်ဘာ
(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့်တိုက် အတွင်း၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်မြစန်းရီက လွတ်လပ်ရေးနေ့ ဖြစ်ပါ်လာပုံ သမိုင်းကြောင်းတို့ကို ဟောပြောခဲ့ပြီး ကလေးငယ်များ အား လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပုံပြင်ပြောပြိုင်ပွဲ၊ ဉာဏ်စမ်းစကားထာပြိုင်ပွဲ၊ ပန်းချီ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဂိမ်းကစားခြင်းနှင့် တို့ကျေးရွာရဲ့ ချစ်မိတ်ဆွေ စာပေဖတ်ရှုမှု အသိပညာပေး ဗွီဒီယိုပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲသို့ ပြည်သူ့စာကြည့်တိုက်အနီးရှိ ရွှေတွင်းကုန်းကျေးရွာ၊ သာစည်ကျေးရွာနှင့် ဗောဓိမြိုင် ကျေးရွာများမှ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခင်းကျင်းပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ကြည့်ရှုလေ့လာ ခဲ့ကြသည်။
ထွန်းလင်း(ပြန်/ဆက်)