မြိတ် ၂၄  ဒီဇင်ဘာ 

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကန်ကြီးရပ်ကွက် ကမ်းနားလမ်းတွင် ပြည်သူများ သွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကွန်ကရစ်လမ်းခင်း ဆောင်ရွက်လျက်ရှိသည်။

 

ဆောင်ရွက်လျက်ရှိသော ကွန်ကရစ်လမ်းသည် အရှည် (၁၈၀ဝ) ပေ၊ အကျယ်ပေ (၄၀) နှင့် (၈) လက်မထု ရှိကာ ၎င်းလမ်းကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရန်ပုံငွေ ကျပ် ၂၃၄ သန်းဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒီဇင်ဘာလအကုန် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မြိတ်မြို့တွင် ပြည်သူများ သွားလာမှု လွယ်ကူအဆင်ပြေ ချောမွေ့စေရေးအတွက် စည်ပင်သာယာရေးအဖွဲ့မှ ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း၊ ကျောက်ချောလမ်း၊ မြေသားလမ်း စုစုပေါင်း (၅၄) လမ်းကို တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရန်ပုံငွေ ကျပ်သန်းပေါင်း ၁၄၅၂ ဒသမ ၄၃ သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)