ပုလဲ ၂၄  ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နှင့် ၃၅ မိုင် ကွာဝေးသော ပုံတောင်ဒေသရှိ သစ်ကြီးတိုင်း-ကျော်တော - မယင်း - ခင်သာကျေးရွာချင်းဆက်လမ်းပိုင်းတွင် မန္တလေးမြို့နေ  ဦးကျော်ဝင်းနှင့်  ဒေါ်ခင်မေသန်း (ဝင်းယူနိုက်တက် ကျောက်မျက်ကုမ္ပဏီ) မိသားစုက ငွေကျပ်သိန်း ၁၆၀ဝ ကျော်  အကုန်အကျခံ လှူဒါန်းမှုဖြင့် ယမားချောင်းကူး သံကူကွန်ကရစ်တံတားသစ်ကို  S7 ကုမ္ပဏီ (မုံရွာ) က တာဝန်ယူ၍ တည်ဆောက်လျက်ရှိရာ လုပ်ငန်းအရည်အသွေး ပြည့်မီစေရေးအတွက် ဒီဇင်ဘာ ၂၃ ရက်၊ မွန်းလွဲပိုင်းက မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးသန်းနိုင်၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်စိုးအောင်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်းနှင့် မြို့နယ်လမ်းဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ ( ၁ )  ဦးလင်းလင်းထွန်းကျော်တို့က  လုပ်ငန်းအရည်အသွေး  ပြည့်မီစေရေးအတွက် ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။

 

963.

 

ရှေးဦးစွာ S7 ကုမ္ပဏီ (မုံရွာ) တာဝန်ခံအင်ဂျင်နီယာ ဦးအောင်ထွန်းထွန်းက ယမားချောင်းကူး သံကူကွန်ကရစ် တံတားသစ်တည်ဆောက်မှု လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့သည်။

 

8963

 

ထိုနောက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ  ဦးသန်းနိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမားချောင်းကူး သံကူကွန်ကရစ်တံတားသစ်  တည်ဆောက်မှုလုပ်ငန်း  ဆောင်ရွက်နေမှု  အခြေအနေ များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အလှူရှင်မိသားစုက ပုံတောင်ဒေသရှိ  ပြည်သူများအတွက် လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်စေရေးရည်ရွယ်ပြီး ငွေကြေးအကုန်အကျခံ လှူဒါန်းမှုဖြင့် သံကူကွန်ကရစ် တံတားသစ် တည်ဆောက်ရခြင်းဖြစ်သောကြောင့် လုပ်ငန်းအရည်အသွေး ပြည့်မီစေရေး၊ သုံးစွဲသည့် ပစ္စည်းများ အရည်အသွေး  ကောင်းမွန်မှု ရှိစေရေးနှင့် သတ်မှတ်စံချိန်စံညွှန်း ကိုက်ညီမှုရှိစေရေးကို ကုမ္ပဏီမှ တာဝန်ရှိသူများအနေဖြင့် စေတနာထား အားထည့်ဆောင်ရွက်ပေးစေလိုကြောင်း S7 ကုမ္ပဏီ (မုံရွာ)မှ တာဝန်ရှိသူများအား မှာကြားခဲ့သည်။

 

785236

 

အဆိုပါ ယမားချောင်းကူး တံတားသစ်သည် အလျား ၇၀ ပေ၊ အနံ ၁၄ ပေ၊ အမြင့် ၁၈ ပေရှိသည့် သံကူ ကွန်ကရစ်တံတား အမျိုးအစားဖြစ်ပြီး တံတားခံနိုင်ဝန်မှာ တန် ၃၀ ဖြစ်ကြောင်းနှင့် မန္တလေးမြို့နေ  ဦးကျော်ဝင်းနှင့် ဒေါ်ခင်မေသန်း (ဝင်းယူနိုက်တက်ကျောက်မျက်ကုမ္ပဏီ) မိသားစုက ငွေကျပ် ၁၆၃၅၅၀ဝ၀ဝ အကုန်အကျခံ၍ လှူဒါန်းခြင်းဖြစ်ပြီး S7 ကုမ္ပဏီ(မုံရွာ) က တာဝန်ယူကာ ၂၀၂၀ ပြည့်နှစ် မတ်လကုန် အပြီးတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

 

52

 

မြင့်သိန်းစိုး(ပြန်/ဆက်)