ဟင်္သာတ ၂၄  ဒီဇင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့၌ အမျိုးသားယာဉ်အန္တရာယ် ကင်းရှင်းရေးကောင်စီ ဦးဆောင်မှု ဖြင့် ယာဉ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်နှင့် ဆိုင်ကယ်စီး ဦးထုပ်များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက ပဒေသာဈေးမီးပွုင့်အနီးတွင် ပြုလုပ်ခဲ့သည်။

 

ယာဉ်အန္တရာယ်ဖြစ်ပွားမှုတွင် သေဆုံးမှုနှင့် ထိခိုက်အန္တရာယ် ဒဏ်ရာဖြစ်ပွားမှုမှာ ဆိုင်ကယ်စီးနှင်း သူများတွင် အဖြစ်များခြင်းကြောင့် ဆိုင်ကယ်စီးဦးထုပ်များ အသုံးပြု ဆောင်းတတ်လာစေရန် အဓိက ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း  အမှတ် (၈၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ်လူလှက ပြောသည်။

 

24

 

အခမဲ့ ဖြန့်ဝေပေးခြင်းတွင်  တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုကိုဦး၊ ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်နှင့်မြို့နယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကော်မတီများက  ဆိုင်ကယ်မောင်းနှင် စီးနှင်းလာသူများတွင် ယာဉ်မောင်းလိုင်စင်၊ ယာဉ်မှတ်ပုံတင်နှင့် ဆိုင်ကယ်စီးဦးထုပ် အပြည့်အစုံ ယူဆောင်ပြီး စည်းကမ်းနှင့်အညီ မောင်းနှင်လာပါက ဆိုင်ကယ်စီး ဦးထုပ်များ အခမဲ့ပေးအပ်ခြင်းနှင့် ယာဉ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ အခမဲ့ဖြန့်ဝေပေးအပ်သည့် ဆိုင်ကယ်စီးဦးထုပ်အလုံး (၂၀ဝ) ကို TCL မျိုးသိန်း အီလက် ထရောနစ် ကုမ္ပဏီက ပေးအပ်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

 

ကျော်ကျော်(ပြန်/ဆက်)