မြိတ် ၂၄ ဒီဇင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ မြိတ်တက္ကသိုလ်တွင် ဒီဇင်ဘာအားကစားလ စုပေါင်း လမ်းလျှောက်ပွဲကို အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြိတ်တက္ကသိုလ်တို့ပူးပေါင်း၍ ဒီဇင်ဘာ (၂၄) ရက် နံနက်  ၅ နာရီခွဲက တက္ကသိုလ်ပင်မ အဆောင်အရှေ့ စုရပ်မှစတင်ကာ ကျင်းပခဲ့သည်။

 

4

 

ဒီဇင်ဘာအားကစားလ လမ်းလျှောက်ပွဲတွေကို စနေနေ့ဆိုရင် မြို့ပေါ်မှာ လျှောက်ပြီး တနင်္ဂနွေနေ့ ဆိုရင် ရွာတွေနယ်တွေမှာ လျှောက်ပါတယ်။မြိတ်တက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်တာ (၃) ကြိမ်မြောက် ရှိပါပြီ။ တက္ကသိုလ်မှာလမ်းလျှောက်ပွဲ ပူးပေါင်းဆောင်ရွက်တာ ကျောင်းသူ/သားတွေ ဉာဏ်ရည်ထက်မြက်ပြီး ကျန်းမာကြံ့ခိုင်ဖို့၊ သူတို့တွေ ကျန်းမာကြံ့ခိုင်၍ ဘဝတိုးတက်မြှင့်မားပြီး နိုင်ငံရဲ့ အကျိုးကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ဆောင်ရွက်ခြင်း ဖြစ်ပါတယ် ဟု မြို့နယ် အားကစားမှူး ဦးထွန်းရှိန်က ပြောသည်။

 

5

 

စုပေါင်းလမ်းလျှောက်ပွဲကို တက္ကသိုလ်ပင်မအဆောင်ရှေ့ စုရပ်မှစတင်ကာ စပါးရွှေဝါလမ်း၊ အေးရိပ် ချောင်လမ်း၊ ကန်ဖျားလမ်းမ၊ ဗန္ဓုလလမ်းမှတဆင့် တက္ကသိုလ်ပင်မ အဆောင်ရှေ့အထိ ပြန်လျှောက်ခဲ့ကြပြီး   အကြောလျော့လေ့ကျင့်ခန်း နှင့် Myanmar Fitness Dance ကို စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။ စုပေါင်းလမ်းလျှောက်ရာတွင် မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနီနီဦး နှင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၇၀ဝ) ဦးခန့် ပါဝင်ခဲ့ကြကြောင်း သိရသည်။

 

9

 

ခိုင်ထူး (မြိတ်ပြန်/ဆက်)

 

10