ကျောက်တံခါး  ၂၄  ဒီဇင်ဘာ   

 

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့တွင် စာအုပ်ဈေးရောင်းပွဲတော်နှင့် စာပေဟောပြောပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည်တော်သာဘက်စုံသုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ပွဲတော်ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက အဖွင့်အမှာစကား ပြောကြားကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဦးက စာအုပ်ဈေးရောင်းပွဲတော်နှင့် စာပေဟောပြောပွဲ ကျင်းပခြင်းအား မုဒိတာ စကားပြောကြားပြီး ပညာတံခွန် ဘာသာရပ်သင်ကျောင်းမှ ကျောင်းသူလေးများက (Fitness dance) ဖြင့် ကပြဖျော်ဖြေကြသည်။

 

mdn

 

ဆက်လက်၍ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးခိုင်၊ လက်ထောက်မြို့နယ် ပညာရေးမှူး ဦးဇင်မင်းအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စာအုပ်ဈေးရောင်းပွဲတော်အား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

 

mdn

 

ဈေးရောင်းပွဲတော်နှင့် စာပေဟောပွဲကို ဒီဇင်ဘာ ၂၄ ရက်မှ ၂၇ ရက်ထိ ကျင်းပသွားမည်ဖြစ်ရာ ပဲခူးစာအုပ်လမ်းအဖွဲ့မှ ကလေးများအတွက် သုတရသစာအုပ်မျိုးစုံ ရောင်းချပေးပြီး စာရေးဆရာ အော်ပီကြယ်နှင့် မင်းကိုနိုင်တို့က ဟောပြောမည်ဖြစ်သည်။

 

ခင်ကို(ကျောက်တံခါး)