ဆိပ်ဖြူ   ၂၄  ဒီဇင်ဘာ  

 

ဆိပ်ဖြူမြို့နယ်တွင် တရားဝင်ထုတ်ပြန်ထားသည့် သုံးစွဲရန်မသင့်သည့် တိုင်းရင်းဆေးဝါးများ ရောင်းချခြင်း ရှိ၊မရှိ စည်ပင်သာယာ (ပတ္တမြားဈေး) ၌ ရောင်းချနေသည့် ဆေးနှင့် ဆေးဝါးပစ္စည်း ဆိုင်များအား ယနေ့ နံနက်ပိုင်းက ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်ဌာနဆိုင်ရာများ ဖြစ်ကြသော ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

89

 

အဆိုပါ တရားဝင်ထုတ်ပြန်ထားသည့် သုံးစွဲရန်မသင့်သည့် တိုင်းရင်းဆေးဝါးများအား စားသုံးသူ ပြည်သူများကို ထိခိုက်နစ်နာမှု မရှိစေရန်၊ ၂၀၁၉ခုနှစ်၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ အကြောင်းအရာ များ၊ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြပေးရန် ထုတ်လုပ်၊ရောင်းချ၊ ဖြန့်ဖြူးသည့် လုပ်ငန်းရှင် များအား အသိပညာပေး ဆောင်ရွက်ခဲ့ပြီး သက်တမ်းလွန်းဆေးဝါးများ ရောင်းချခြင်း မရှိစေရေး စစ်ဆေးခြင်း၊ သက်တမ်းလွန် ဆေးဝါးများ တွေ့ရှိခဲ့ခြင်းအား ရောင်းချခွင့်မပြုရေး ကွင်းဆင်းစစ်ဆေး ပြောကြားခဲ့ကြောင်း သိရှိရသည်။

 

ကိုမျိုး(ယောဧရာ)