သထုံ  ၂၄  ဒီဇင်ဘာ

 

စာကြည့်တိုက်ဥပဒေမူကြမ်း ရေးဆွဲနိုင်ရေးဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက မွန်ပြည်နယ် သထုံမြို့ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။

 

8

 

ဆွေးနွေးပွဲတွင် မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ယခုလက်ရှိ  စာကြည့်တိုက်နှင့် ပြတိုက်များဥပဒေနှင့် ပတ်သတ်သော ဥပဒေအကြောင်းများကို ပြောကြားပြီး ပြည်နယ်လွှတ်တော် ဥပဒေပြုရေး ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့က စာကြည့်တိုက်များဥပဒေကြမ်း တင်သွင်းနိုင်ရန်အတွက် နည်းလမ်းများကို ဝေဖန်ထောက်ပြ အကြံပြုနိုင်ရန် ရှင်းလင်းပြောကြားသည်။

 

ထို့နောက် သထုံမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်မှူးများ၏ သိလိုသည့်အချက်အလက်များ၊ ဘာသာရေး အဆောက်အဦများတွင် စာကြည့်တိုက်များ တည်‌ထောင်ခွင့်၊ စာကြည့်တိုက်ကို အမှီပြု၍ တစ်ခြားစီးပွားရေး လုပ်ကိုင်နေမှုများ၊ စာကြည့်တိုက်မှတ်ပုံတင်ခွင့် ကင်းလွတ်ခွင့်များရရှိရေး၊ စာကြည့်တိုက် မြေနေရာများအတွက် လည်းကောင်း၊ စာပေဟောပြောခွင့်ရရှိရေး၊ စာကြည့်တိုက်မှူးများ ခန့်ထားရန်အတွက် အခက်အခဲများ၊ အကြံပြု တင်ပြချက်များအား ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌက ပြန်လည်ရှင်းလင်း ဖြေကြားသည်။

 

4

 

ဆွေးနွေးပွဲသို့ သထုံမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်မှူးများ၊ စာကြည့်တိုက်ကော်မတီဝင်များ၊ စာပေချစ်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ခွန်(ဝင်းပ)