ဒီးမော့ဆို ၂၅ ဒီဇင်ဘာ 

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၁၅၈ ဒသမ ၁ သန်းဖြင့် ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးကျေးရွာအုပ်စု ဒေါတမကြီးကျေးရွာတွင် နယ်မြေမီးသတ်စခန်းနှင့် ဂါလံနှစ်သောင်းဆံ့ အုတ်ရေလှောင်ကန် တည်ဆောက်လျက်ရှိကြောင်း သိရသည်။

 

4

 

မီးဘေးလုံခြုံရေးလုပ်ငန်းများ လွှမ်းခြုံဆောင်ရွက်နိုင်ရန် မြို့နှင့် အလှမ်းကွာဝေးသော ဒေါတမကြီး ကျေးရွာတွင် နယ်မြေမီးသတ်စခန်းအသစ် တိုးချဲ့တည်ဆောက်နေခြင်းဖြစ်သည်။ အဆိုပါကျေးရွာသည် ဒီးမော့ဆိုမြို့နှင့် ၂၈ မိုင်ခန့် အကွာတွင်တည်ရှိကာ နယ်မြေမီးသတ်စခန်း တည်ဆောက်ပြီးစီးပါက အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများအား မီးဘေးလုံခြုံရေး လုပ်ငန်းများအပြင် သဘာ၀ဘေးအန္တရာယ်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက် လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကြည်စိုးဟန်ထံမှ သိရသည်။

 

54

 

အဆိုပါ နယ်မြေမီးသတ်စခန်းနှင့် ဂါလံနှစ်သောင်းဆံ့ အုတ်ရေလှောင်ကန်ကို Vito- Ban Construction & Trading Co.,Ltd  မှ တာဝန်ယူ ဆောက်လုပ်လျက်ရှိပြီး အဆောက်အဦမှာ အလျား ၄၅ ပေ၊ အနံ ၅၀ ပေ၊ အမြင့် ၂၆ ပေ ရှိ RC အမျိုးအစား နှစ်ထပ်အဆောက်အဦ ဖြစ်ကြောင်း သိရသည်။

 

ရီရယ်(ဒီးမော့ဆို)