ကျိုက်ဒုံ ၂၅ ဒီဇင်ဘာ
ကရင်ပြည်နယ် ကျိုက်ဒုံမြို့တွင် နှစ်စဉ်ကျင်းပပြုလုပ်သော (၈၂)ကြိမ်မြောက် ကရင်နှစ်သစ်ကူးပွဲတော် ဒုံးစင်ဖွင့်ပွဲကို ယမန်နေ့ ည ၇ နာရီက မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပရေးကော်မတီနာယက ဒုဗိုလ်မှူးကြီး စောဒေါဒေါ၊ ကျိုက်ဒုံမြို့ နယ်မြေခံတပ်မှ တာဝန်ရှိသူများနှင့် မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်၊ ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ မန်းအောင်ကျော်ဆန်းတို့က ဒုံးစင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် မိတန်ကျေးရွာ ဒုံးယိမ်းအဖွဲ့မှ စည်းလုံးခြင်းသည်အင်အားဟု အဓိပ္ပာယ်ရသော (အောဟုအောဟောင်) သီချင်းဖြင့် ဖျော်ဖြေခြင်း၊ ဒုံးယိမ်းအကများ၊ တိုင်းရင်းသားရိုးရာ အကများဖြင့် တင်ဆက်ကပြခဲ့ပြီး ဒေသနေပြည်သူများမှ ကြည့်ရှု့အားပေးခဲ့ကြသည်။

သန်းထွန်းနိုင်(ပြန်/ဆက်)