ကြို့ပင်ကောက်  ၂၅  ဒီဇင်ဘာ

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကြို့ပင်ကောက်မြို့နယ်၌ ပေ ၈၄၁၅ ပေ၊ အကျယ် ၁၂ ပေနှင့် ထု လက်မရှိသော ကုန်ထုတ်လမ်းစီမံကိန်းတစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

1

 

 

အဆိုပါ ကုန်ထုတ်လမ်းမှာ အုန်းနှဲကျောတန်း-အောင်ချမ်းသာ ကုန်ထုတ်လမ်းဖြစ်ပြီး ခွင့်ပြုငွေကျပ် ၈၅ ဒသမ ၄၄ သန်းဖြင့် Royal D.A.M ကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

 

3

 

 

အဆိုပါလမ်းပေါ်ရှိ Box Culvert တံတားနှစ်စင်းပါ တစ်ပါတည်း တည်ဆောက်ပေးသွားမည်ဖြစ်ပြီး ကုန်ထုတ်လမ်းစီမံကိန်း ပြီးစီးသွားပါက အုန်းနှဲကျောတန်းကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ ဆိတ်ချေးကုန်း ကျေးရွာတို့မှ တောင်သူများ၏ စိုက်ပျိုးဧက ၅၀၀ ခန့်မှ ထွက်ရှိသော လယ်ယာထွက်ကုန်များကို အချိန်မီ သိမ်းဆည်းနိုင်ပြီး ဈေးကွက်သို့ အချိန်နှင့်တစ်ပြေးညီ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

4

 

 

ဇေယျာထွန်း(ကြို့ပင်ကောက်)