မန္တလေး  ၂၅  ဒီဇင်ဘာ

 

တံခွန်တိုင် နွားဘေးမဲ့ပွဲတော်ကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်ရှိ နွားဘေးမဲ့ ရုံတွင် ယနေ့ နံနက် ၈ နာရီ က ကျင်းပပြုလုပ်ခဲ့သည်။

 

8

 

ဒီ နွားဘေးမဲ့ရုံ တည်ထောင်ထားတာ နှစ်ပေါင်း (၁၀ဝ)နီးပါးရှိပါပြီ ၊ ဟိန္ဒူဂေါပကအဖွဲ့မှ ဦးဆောင်ပြီး ဆောင်ရွက်လျက်ရှပါတယ်၊ နွားဘေးမဲ့ရုံတွင် နွားကောင်ရေ စုစုပေါင်း  ၁၅၁ ကောင်အား ဘေးမဲ့ပြု ကျွေးမွေးပြုစုစောင့်ရှောက်ထားပါတယ်၊ ယနေ့တွင် လာရောက်လှူဒါန်းသော နွားငါးကောင် အပါအဝင် စုစုပေါင်း ၁၅၆ ကောင်ရှိပါတယ်၊ နွားစာအဖြစ် ပဲခွန်၊ ပဲရိုး၊ ပဲဖက်၊ ကောက်ရိုး၊ မြက်တို့ကို နေ့စဉ် ကျွေးမွေးစောင့်ရှောက်လျက်ရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုများလည်း ဆောင်ရွက်ပေးထားပါတယ် ဟု နွားဘေးမဲ့ရုံ ထိန်းသိမ်းစောင့်ရှောက်ရေးတာဝန်ခံ ဦးတစ်မဟာဒူး က ပြောသည်။

 

8

 

အဆိုပါ နွားဘေးမဲ့ရုံသို့ နွားများအတွက် အာဟာရဒါနအဖြစ် တစ်နေ့စာအတွက် ငွေကျပ်တစ်သိန်းခွဲဖြင့် လည်းကောင်း၊ တစ်နပ်စာအတွက် ငွေကျပ်ငါးသောင်းဖြင့်လည်းကောင်း လှူဒါန်းနိုင်ပြီး လှူဒါန်း လိုသူများအနေဖြင့် တံခွန်တိုင် နွားဘေးမဲ့ရုံသို့ လည်းကောင်း၊ ဦးဘရမ်း ဖုန်း ဝ၉၅၀၁၆၃၈၈၊ ဝ၉၇၈၅၀၁၆၃၈၈ သို့ လည်းကောင်း ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)