မိုင်းခတ်  ၂၆  ဒီဇင်ဘာ

 

(၄၅)ကြိမ်မြောက် အာခါတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် ဖူဆယ် ဘောလုံး ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက  ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်၌ မြို့နယ်အားကစား ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 

48

 

ဖွင့်ပွဲအခမ်းနားတွင် ပြိုင်ပွဲဝင်ဘောလုံးအသင်းများမှ ကွင်းအတွင်းနေရာယူပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအားမဲက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ နည်းစနစ်မှူး ဦးကျော်ဌေးက ပြိုင်ပွဲဝင်အားကစားသမားများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ပြောကြားသည်။

 

89

 

ပြိုင်ပွဲတွင် မိုင်းခတ်မြို့နယ်အတွင်းမှ ဘောလုံးအသင်း ၉ သင်း အုပ်စု (၃)စုခွဲကာ အုပ်စု(က)တွင် ထွေ/အုပ် (ခ)အသင်း၊ U-45 (ခ)အသင်း၊ ပညာရေးအသင်း၊ အုပ်စု(ခ)တွင် U-45 (က)အသင်း၊ မြေစာရင်းအသင်း၊ ရဲတပ်ဖွဲ့အသင်း၊ အုပ်စု(ဂ)တွင် ထွေ/အုပ်(က)အသင်း၊ အာခါလူငယ်အသင်း၊ မီးသတ်တပ်ဖွဲ့အသင်းတို့ ပါဝင်ပြီး ဒီဇင်ဘာ ၂၅ ရက်မှ ၂၈ ရက်အထိ  ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

8952

 

မိုးဒေ (ပြန်/ဆက်)