လှိုင်းဘွဲ    ၂၆   ဒီဇင်ဘာ

 

ကရင်နှစ် ၂၇၅၉ ခုနှစ် ပြာသိုလဆန်း ၁ ရက်တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူးပွဲတော်ကို ကရင်ပြည်နယ် လှိုင်းဘွဲမြို့ အ.ထ.ကကျောင်း၌ ယနေ့ နံနက် ၆ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

 

8

 

အခမ်းအနားတွင် နိုင်ငံတော်အလံ အလေးပြုခြင်း၊ ကရင်အမျိုးသားအလံတော်ကို ကရင်အမျိုးသား သီချင်းဖြင့် လွှင့်ထူအလေးပြု၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံမှပေးပို့သော ကရင်နှစ်သစ်ကူးနေ့သဝဏ်လွှာကို အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစောချစ်ဦး ကလည်းကောင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ထံမှ ပေးပို့သော ကရင်နှစ်သစ်ကူးနေ့ သဝဏ်လွှာကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းတို့က အသီးသီး ဖတ်ကြားခဲ့သည်။

 

9

 

ထို့နောက် ကရင်နှစ်သစ်ကူးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ပိုးကရင်ဘာသာ၊ စကောကရင်ဘာသာ၊ မြန်မာဘာသာတို့ဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဖတ်ကြားတင်ပြကာ သဘာပတိကြီး ဦးစောအုန်းတင်မှ နံဂုံးချုပ် အမှာစကားပြောကြားပြီး ကရင်အမျိုးသား စည်းလုံးညီညွှတ်ရေးသီချင်း “အောဟု အောဟောင် သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနား ပြီးမြောက်ခဲ့သည်။

 

68

 

ခင်စန်းမြင့်(ပြန်/ဆက်)