ပုလော ၂၇ ဒီဇင်ဘာ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ဘိုင်းပြင်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးအစီစဉ် (VDP) စီမံကိန်းအကြောင်း မိတ်ဆက်ဆွေးနွေးခြင်းနှင့် ကျေးရွာကော်မတီဝင်များ ရွေးချယ်ခြင်းများကို ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှိုင်မင်းထွန်းက ကျေးရွာဖွံ့ဖြိုးရေး အစီစဉ် (VDP) စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရင်းနှီးမြုပ်နှံမှုအရ ဆောင်ရွက်ရမည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား ဒေသခံများက ကိုယ်တိုင်အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မြို့နယ်ကျေးလက်ဦးစီးဌာနမှ နည်းပညာများ ကြီးကြပ်စစ်ဆေး ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ကျေးရွာကော်မတီဝင်များ ရွေးချယ် ခြင်းများ ပြုလုပ်ခဲ့ကြသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးအစီစဉ် (VDP) ထောက်ပံ့ရန်ငွေဖြင့် ဆောင်ရွက် လျာထားသည့် ကျေးရွာ (၂၀)အား၊ ကျေးရွာတစ်ရွာလျှင် ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၀ဝ)ဖြင့် စတင်မတည် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ထူးဝေယံ(ပြန်/ဆက်)