ပဲခူး ၂၇ ဒီဇင်ဘာ

 

ပဲခူးမြို့ ရွှေမော်ဓော်ဘုရားအနောက်ဖက်မုခ် မွန်ဓမ္မာရုံအနီးတွင် ဒီဇင်ဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီက ကိုရီးယားနိုင်ငံ ဆူဝမ်အစိုးရ၏ ထောက်ပံ့မှုအစီအစဉ်ဖြင့် World Toilet Association (W.T.A) မှ ဆောက်လုပ်လှူဒါန်းသည့် အများသုံးသန့်စင်ခန်း (Public Toilet-1)ဖွင့်ပွဲ အခမ်းအနား ကျင်းပ ပြုလုပ်သည်။

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေမှ အမှာစကားပြောကြားပြီး ရွှေမော်ဓောစေတီတော် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ပဲခူးတိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းမြင့်က ကြိုဆို နှုတ်ခွန်းဆက်စကားနှင့် ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် ကိုရီးယားနိုင်ငံ ဆူဝမ်အစိုးရအဖွဲ့မှ Mr. Kim Young Sik မှ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ Korea နိုင်ငံ (W.T.A) board of Director Mr. Sim Young Cham မှ အများသုံးသန့်စင်ခန်း လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ဂုဏ်ပြုစကားပြောကြားသည်။  

 

01452

  

  

ယင်းနောက် S.S.Y ကုမ္ပဏီ CEO Mr. Kim The Wanမှ (CSR) အကြောင်းရှင်းလင်းပြောကြားပြီး အများသုံးသန့်စင်ခန်း အဆောက်အဦဆိုင်ရာ စာရွက်စာတမ်းများအား ရွှေမော်ဓောစေတီတော်မြတ်ကြီး ဂေါပကအတွင်းရေးမှူး ဦးဝင်းမောင်ထံ လွှဲပြောင်းပေးအပ်သည်။

 

ဆက်လက်၍ ကိုရီးယားနိုင်ငံ ဆူဝမ်အစိုးရ၏ ထောက်ပံ့မှုအစီအစဉ်ဖြင့် World Toilet Association (W.T.A) မှ ဆောက်လုပ်လှူဒါန်းသည့် အများသုံးသန့်စင်ခန်း (Public Toilet-1) အား ပဲခူးတိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးမောင်မောင်အေး၊ ဥပဒေချုပ် ဦးအုန်းမြင့်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ စာရင်းစစ်ချုပ် ဒေါ်သန်းသန်းဝင်းနှင့် City of Suwon Director Mr.Young Sik Kim၊ (WAT) board of Director Mr. Sim Young Chan၊  S.S.Y ကုမ္ပဏီ CEO Mr.Kim Tae Wan နှင့် CEO MNKC Mr. Kim Won Sun တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

 

အဆိုပါ အများသုံးသန့်စင်ခန်းအား ကိုရီးယားနိုင်ငံ ဆူဝမ်အစိုးရ World Toilet Association (WTA) မှ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး project အဖြစ် ထောက်ပံ့လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၃၅၀ဝ၀ ဖြင့်  ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ အောက်ခြေ အနောက်ဖက်မုခ် မွန်ဓမ္မာရုံအနီးတွင် အလျားပေ (၆၀)၊ အနံပေ (၃၀)၊ နှစ်ထပ်အဆောက်အဦအဖြစ် Sun Shine Yangon Co.,Ltd မှ တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မြေညီထပ်တွင် ဘုရားဖူးပြည်သူများ အသုံးပြုနိုင်ရန် (ကျား/မ)အခန်းအပြင် မသန်စွမ်းသူများပါ အခမဲ့အသုံးပြုနိုင်ရေးအတွက် သန့်စင်ခန်းများ တည်ဆောက်ထားခြင်းဖြစ်ရာ အပေါ်ထပ်တွင် ကျန်းမာရေး၊ သန့်ရှင်းရေးနှင့်ပတ်သက်၍ အသိပညာပေး စင်တာအဖြစ်နှင့် နားနေရန် နေရာများအတွက် ဆောက်လုပ်ပေးထားကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)