တာချီလိတ် ၂၇ ဒီဇင်ဘာ
တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များ နေ့စဉ်ဝင်ရောက်လည် ပတ်လျက်ရှိရာ ဒီဇင်ဘာလ ၂၀ ရက်မှ ၂၆ ရက်အထိ ထိုင်းနိုင်ငံသား အများစုပါဝင်သည့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားဧည့်သည် နေ့ချင်းပြန်နှင့် ညအိပ်ခရီးစဉ်အဖြစ် စုစုပေါင်း ၂၇၈၅၉ ဦး ဝင်ရောက်လည် ပတ်ခဲ့ပြီး၊ ယခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း ၁၂၇၄၂၆၃ ဦး ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တာချီလိတ်ရုံးခွဲမှ သိရသည်။
နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံအတွင်း ဘုရားဖူးခြင်း၊ ရေမြေ တောတောင် သဘာဝအလှရှုခင်းများနှင့် အထင်ကရနေရာများ၊ တိုင်းရင်းသားများ၏ မတူကွဲပြားသည့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ လူနေမှုဘဝပုံစံများကို ဗဟုသုတအဖြစ် ကြည့်ရှုလေ့လာသိမြင်ခံစားနိုင်စေရန်ဝင်ရောက် လျက်ရှိရာ တစ်ပတ်အတွင်း တာချီလိတ်နေ့ချင်းပြန်အဖြစ် ထိုင်းနိုင်ငံသား ၂၅၈၄၇ ဦး၊ တတိယနိုင်ငံသား (နိုင်ငံခြားသား) ၅၃၉ဦး၊ လန့်တောင်းဘုရားသို့ ထိုင်းနိုင်ငံသား ၁၃ ဦး၊ ညအိပ်ခရီးစဉ်အဖြစ် မိုင်းဖြတ်နှင့် ကျိုင်းတုံမြို့သို့ ထိုင်းနိုင်ငံသား အများစုပါဝင်သည့် တတိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် ၃၆၃ ဦး၊ ပြည်တွင်းခရီးစဉ်သို့ ဗီဇာဖြင့်(ဗီဇာကင်းလွတ်ခွင့်ရ)နိုင်ငံသားအပါအဝင် နိုင်ငံခြားသားခရီးသွား ဧည့်သည် ၁၀၉၇ ဦး ဝင်ရောက်လည်ပတ်ခဲ့သည်။

တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ၂၀၁၉ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၂၆ ရက်နေ့ အထိ နေ့ချင်းပြန်နှင့် ညအိပ်ခရီးသည် ထိုင်းနိုင်ငံသား ၁၁၈၃၈၆၄ ဦး၊ တတိယနိုင်ငံသား(နိုင်ငံခြားသား) ၁၈၀၄၇ဦး၊ လန့်တောင်းဘုရားသို့ နေ့ချင်းပြန် ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသား(နိုင်ငံခြားသား) ၃၈၃ ဦး၊ မိုင်းဖြတ်နှင့် ကျိုင်းတုံခရီးစဉ်တွင် ၁၂၅၆၉ ဦး၊ ဗီဇာ(ဗီဇာကင်းလွတ်ခွင့်)ဖြင့် ပြည်တွင်း ခရီးစဉ်သို့ ၅၉၄၀၀ ဦး၊ စုစုပေါင်း နိုင်ငံခြားသားခရီးသွားဧည့်သည် ၁၂၇၄၂၆၃ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
ဖြိုးလေး(တာချီလိတ်)