ရန်ကုန်  ၂၇  ဒီဇင်ဘာ

 

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း (၃၁)နှစ်ပြည့် နှစ်ပတ်လည် ဆွမ်းကျွေးအလှူကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း အမှတ် (၅၄) ရှိ သမီးဖြစ်သူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ ပြုလုပ်သည်။

 

2

 

နှစ်ပတ်လည် ဆွမ်းကျွေးအလှူတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိခင်ကြီးဒေါ်ခင်ကြည်အား ရည်စူး၍ ဆရာတော်ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း) အမှူးပြုသော သံဃာတော် ၁၆ ပါးတို့အား ပင့်ဖိတ်ကာ ဆွမ်းနှင့်သင်္ကန်းများ ဆပ်ကပ်လှူဒါန်းပြီး အနုမောဒနာတရားနာယူကာ ရေစက်သွန်းလောင်း အမျှပေးဝေသည်။

 

5

 

မွန်းလွဲပိုင်းတွင် ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များက  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိခင်ကြီး ဒေါ်ခင်ကြည်အတွက် ဘာသာအလိုက် အောက်မေ့ဖွယ်ရာ ဆုတောင်းမေတ္တာများ ပို့သကြသည်။

 

65

 

ဘာသာပေါင်းစုံ ဆုတောင်းခြင်း အခမ်းအနားတွင် ဟိန္ဒူဘာသာ၊ ခရစ်ယာန် ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဂျူးဘာသာ၊ ဘဟာအီဘာသာတို့မှ ဘာသာရေး ခေါင်းဆောင်များက မေတ္တာစကားပြောကြားခြင်းနှင့် ဆုတောင်းမေတ္တာပို့သခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

 

5

 

(သတင်းစဉ်)