ရန်ကုန် ၂၇ ဒီဇင်ဘာ
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိအကောက်ခွန်ဦးစီးဌာနသို့ သွားရောက် စစ်ဆေးသည်။
ထိုသို့ စစ်ဆေးစဉ် အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင်နှင့် တာဝန်ရှိသူများက အကောက်ခွန်ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှု၊ ဖွဲ့စည်းပုံနှင့် တာဝန်ချထားမှုများ၊ အခွန်ငွေကောက်ခံရရှိမှုများ၊ အကောက်ခွန်ဦးစီးဌာန ခေတ်မီစေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ National Single Window အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအမံများ၊ MACCS System Upgrade ပြုလုပ်ရန်ကိစ္စများနှင့် Network Redundancy ကိစ္စရပ်များကို တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)