ပြည် ၂၈ ဒီဇင်ဘာ

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက်၏ ကျန်းမာရေးစောင့်ရှောက်မှု အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် “ကူးစက်ရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းစေရန် ကာကွယ်ဆေးထိုးလုပ်ငန်းများ လွှမ်းခြုံမှု မြို့နယ်အဆင့် ၈၀ ရာခိုင်နှုန်း၊ ဗဟိုအဆင့် ၉၅ ရာခိုင်နှုန်းရရှိစေရန် ၂၀၂၀ တွင် ပိုလီယိုကင်းစင်နိုင်ငံအဖြစ်လည်းကောင်း၊ ၂၀၂၃ တွင် ဝက်သက်ဂျိုက်သိုးရောဂါ ကင်းစင်သည့်နိုင်ငံ ဖြစ်လာစေရန် ရည်မှန်းချက်ပြည့်ဖို့အတွက် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဝေးလံသော နေရာများအထိ သွားရောက်ကာ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများထိုးနှံ ပေးလျက်ရှိတယ်” လို့  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာကေခိုင်ဝင်းက ပြောကြားခဲ့သည်။

 

အဆိုပါအခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်ချစ်၊ တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှူ့ရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

 

မင်းမင်းစိုး(ပြည်)