ကျိုင်းတုံ ၂၈ ဒီဇင်ဘာ   

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် (၄၅)ကြိမ်မြောက် အာခါတိုင်းရင်းသားစုပေါင်း နှစ်သစ်ကူးပွဲတော် အာခါအမျိုးသားနေ့ အခမ်းအနားကို ဒီဇင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီက မြို့မအားကစားကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးရေးရာ ဒုတိယဝန်ကြီး ဦးလှမော်ဦးနှင့်တာဝန်ရှိသူများက အမှာစကားပြောကြားပြီး ပွဲတော်ကျင်းပရေးအတွက် အလှူငွေများ ပေးအပ်ခဲ့ကြသည်။

 

a

 

ထို့နောက် အာခါတိုင်ရင်းသားယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကပဒေသာများဖြင့် ဧည့်ခံဖျော်ဖြေကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။ 

အဆိုပါပွဲတော်သို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးရေးရာ ဒုတိယဝန်ကြီး၊ ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌနှင့် ပြည်နယ်အစိုးအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံအာခါတိုင်းရင်းသားလူမျိုးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)