ရန်ကုန် ၂၈ ဒီဇင်ဘာ

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန် ကစီစဉ်ထုတ်ဝေမည့် မြန်မာဂန္ထဝင်အတွဲ (၁၀၀)စာစဉ် ဝတ္ထုရှည် အတွဲ (၄၊ ၅၊ ၆) စာအုပ်များ မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့ညနေ ၆ နာရီတွင် ရန်ကုန်မြို့ Sky Star ဟိုတယ်၌ ကျင်းပသည်။

 

1

 

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်၊ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာဂန္ထဝင်အတွဲ(၁၀၀) စာစဉ်ထုတ်ဝေရေးကော်မတီဝင်များ၊ စာစဉ်မိတ်ဆက် နိဒါန်းရေးပေးခဲ့ကြသော ပညာရှင်ကြီးများနှင့် တည်းဖြတ်ပေးခဲ့သော ပညာရှင်ကြီးများ၊ စာစဉ်သုံးတွဲတွင် ပါဝင်သည့် စာရေးဆရာကြီးများ၏ မိသားစုဝင်များ၊ စာပေပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

2

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် မြန်မာဂန္ထဝင်အတွဲ(၁၀၀) စာစဉ်ထုတ်ဝေရေး ကော်မတီဒုတိယ ဥက္ကဋ္ဌ ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ) က ဝတ္ထုရှည်အတွဲ(၄၊ ၅၊ ၆)နှင့် ပတ်သက်၍ စာစဉ်မိတ်ဆက်စကား ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က စာအုပ် (၃) အုပ်ကို စာစဉ်မိတ်ဆက်နိဒါန်း ရေးပေးခဲ့ကြသည့် ပညာရှင်ကြီးများနှင့် တည်းဖြတ်ပေးခဲ့ကြသည့် ပညာရှင်ကြီးများအတွက် ဂုဏ်ပြုလက်ဆောင် ချီးမြှင့်ရာ ပညာရှင်ကြီးများကိုယ်စား ဆရာ ဦးမော်လင်း(မိုးဇံ)က လက်ခံရယူသည်။

 

3

 

ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဝတ္ထုရှည်အတွဲ(၄) “တပင်ရွှေထီး” စာအုပ်ရေးသားသူ ဆရာကြီးလယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ မူပိုင်ခွင့်ဆက်ခံသူ တူဖြစ်သူ ဆရာဦးမြင့်ဦး (မောင်သင်းခိုင်-ပျဉ်မနား)၊ ဝတ္ထုရှည် အတွဲ (၅) တွင် ပါဝင်သည့်  “နားခံတော်” စာအုပ်ရေးသားသူ ဆရာကြီးရွှေစကြာ ဦးစိုးမြင့်၏ မူပိုင်ခွင့် ဆက်ခံသူကိုယ်စားဆရာ ဦးကြည်ဝင်း(လောကအမွန်)နှင့် ဝတ္ထုရှည်အတွဲ(၅)တွင် ပါဝင်သည့် “ကောလိပ်ကျောင်းသား” စာအုပ်ရေးသားသူ ဆရာကြီးဇဝန၏ မူပိုင်ခွင့် ဆက်ခံသူများကိုယ်စား ဆရာကြီးဇဝန၏ သမီးများအားမူပိုင်ခွင့် ဉာဏ်ပူဇော်ခများ              ပေးအပ်ချီးမြှင့်သည်။

 

4

 

ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ဝတ္ထုရှည်အတွဲ(၆)တွင် ပါဝင်သည့် “တို့မေမေ” စာအုပ်ရေးသားသူ ဆရာကြီးမဟာဆွေ၏ မူပိုင်ခွင့်ထိန်းသိမ်းရေး အဖွဲ့ဝင် ဆရာမ မဝိုင်း (ကံ့ကော်ဝတ်ရည်စာပေတိုက်) နှင့် ဝတ္ထုရှည်အတွဲ(၆)တွင် ပါဝင်သည့် “ပန်းသာမစာဥ” စာအုပ်ရေးသား သူဆရာကြီးသခင်ဘသောင်း၏ မူပိုင်ခွင့်ဆက်ခံသူ သမီးဖြစ်သူ ဒေါ်သစ်သစ်သောင်းအား မူပိုင်ခွင့် ဉာဏ်ပူဇော်ခများ ပေးအပ်ချီးမြှင့်သည်။

 

5

 

ထို့နောက် တက်ရောက်လာကြသူများအား ပြည်ထောင်စုဝန်ကြီးက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

 

မြန်မာဂန္ထဝင်အတွဲ(၁၀၀)စာစဉ် ဝတ္ထုရှည် အတွဲ (၄) တွင် လယ်တီပဏ္ဍိတ ဦးမောင်ကြီးရေးသားသည့် “တပင်ရွှေထီး”(၁၉၂၄)၊ စာစဉ် ဝတ္ထုရှည် အတွဲ (၅) တွင် ဝတ္ထုရှည်နှစ်အုပ်ပါဝင်ပြီး ရွှေစကြာဦးစိုးမြင့်ရေးသားသည့် “နားခံတော်”စာအုပ်(၁၉၃၂)နှင့် ဇဝန၏ “ကောလိပ်ကျောင်းသား”စာအုပ်(၁၉၃၇)၊ ဝတ္ထုရှည် အတွဲ (၆) တွင် ဝတ္ထုရှည်နှစ်အုပ်ပါဝင်ပြီး မဟာဆွေရေးသားသည့် “တို့မေမေ” (၁၉၃၆) နှင့် သခင်ဘသောင်း၏ “ပန်းသာမစာဥ”စာအုပ်(၁၉၃၆)တို့ ပါဝင်သည်။

 

6

 

သတင်းစဉ်