လဟယ် ၂၉ ဒီဇင်ဘာ    

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့၌ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လဟယ်မြို့နယ် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးမျိုးညီညီက အဖွင့်အမှာစကား ပြောကြားပြီး ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဦးကိုင်ဝမ်က ကလေးသူငယ်များဆိုင်ရာနှင့် ပတ်သက်၍ သိသင့်သိထိုက်သည့် အချက်များ အသိပညာပေး ဟောပြောဆွေးနွေးမှုကို တက်ရောက်လာသည့် ကော်မတီများက အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

စနေမောင်(ခန္တီး)