ထီးလင်း ၂၉ ဒီဇင်ဘာ

ပြည်ထောင်စုရှေ့နေချုပ် ဉီးထွန်းထွန်းဉီးသည် ချင်းပြည်နယ် ဥပဒေချုပ် ဉီးဆန်နီထန်ကျုံးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲ ၃ နာရီက ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ဥပဒေရုံးကို ကြည့်ရှုစစ်ဆေးသည်။

 

211

 

ယင်းသို့ ကြည့်ရှုစစ်ဆေးရာတွင် ပြည်ထောင်စုရှေ့နေချုပ်က ရုံးပတ်ဝန်းကျင်နှင့် ရုံးအဆောက်အအုံ၊ ရုံးခန်းအနေအထားများ၊ ဝန်ထမ်းဖွဲ့စည်းပုံနှင့် ဝန်ထမ်းအိမ်ရာများ၊ ရုံးဥပဓိရုပ် စသည်တို့ကို ကြည့်ရှုစစ်ဆေးရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးမင်းသိဒ္ဓိ၊ မြို့နယ်ဥပဒေအရာရှိ ဉီးသက်ဖြိုးအောင်နှင့် တာဝန်ရှိသူများက လိုက်လံပြသရှင်းလင်းကြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

အောင်စည်(ပြန်/ဆက်)

204