ကျောက်ဖြူ ၂၉ ဒီဇင်ဘာ
ရခိုင်ပြည်နယ်ကြီးချုပ် ဦးညီပု၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနှင့် ခရိုင်/မြို့နယ် တာဝန်ရှိသူများ လိုက်ပါ၍ ကျောက်ဖြူမြို့၊ မင်းပြင်အိမ်ရာရှိ ဝန်ထမ်းအိမ်ရာ၊ သူနာပြုသင်တန်းကျောင်း ဆောက်လုပ်ရန် လျာထားသော မြေနေရာအား ယနေ့ညနေပိုင်းက လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် မင်းပြင်အိမ်ရာရှိ ဝန်ထမ်းများနေထိုင်ရန်အတွက် ဆောက်လုပ်လျက်ရှိသော လေးခန်းတွဲ လေးထပ်တည်ဆောက်နေမှုအား လှည့်လည် ကြည့်ရှုခဲ့ရာ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်ထွန်းနိုင်က ဆောက်လုပ်ရေးလုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဝန်ထမ်းအိမ်ရာများ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန်၊ အဆောက်အဦများအား တာဝန်ယူဆောက်လုပ်လျက်ရှိသော ကုမ္ပဏီများ အနေဖြင့် သတ်မှတ်ရက်ပြီးစီးရေး၊ အရည်အသွေး စံချိန်မီအောင် ဆောင်ရွက်ရန် မှာကြားခဲ့သည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အစိုးရပ်ကွက်၊ လူငယ်စင်တာဘေးရှိ သူနာပြုသင်တန်းကျောင်း ဆောက်လုပ်ရန်လျာထားသော မြေနေရာအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်နှင့် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်တို့က မြေပုံနှင့်တကွ ရှင်းလင်းတင်ပြတောင်းခံခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း (ပြန်/ဆက်)