ရန်ကုန် ၂၉ ဒီဇင်ဘာ


ရန်ကုန်မြို့၊ သိမ်ဖြူလမ်း၊ ဝန်ကြီးများရုံးရှေ့ရှိ စာပေရပ်ဝန်းမှ ရန်ကုန်စနေ၊ တနင်္ဂနွေ စာအုပ်လမ်း၏ ၂၀၁၉ခုနှစ်၊ စာအုပ်ရောင်းရာသီကို အောက်တိုဘာလမှစ၍ ဒီဇင်ဘာထအထိ စနေ၊ တနင်္ဂနွေနေ့တိုင်း နံနက် ၉နာရီမှ ညနေ ၅နာရီအထိ ရောင်းချ ခဲ့ရာ ယနေ့ပြီးဆုံးပြီဖြစ်၍ ယနေ့မှ မိုးရာသီအထိ ခေတ္တရပ်နားမည်ဖြစ်သည်။ 


ယခုနှစ် ရန်ကုန်စာအုပ်လမ်း၏ စာအုပ်ရောင်းရာသီတွင် အောက်တိုဘာလ၌ စာအုပ်ဆိုင်ခန်းပေါင်း ၇၈ဆိုင်၊ နိုဝင်ဘာလတွင် စာအုပ်ဆိုင်ခန်း ၆၄ဆိုင်၊ ဒီဇင်ဘာ လတွင် ၄၆ ဆိုင် လာရောက်ရောင်းချခဲ့ကြောင်း စာအုပ်လမ်းကော်မတီမှ သိရသည်။ 

 

a

 


ယနေ့တွင် ဆရာကြီး မှော်ဝန်းကြည်မြတ်၏ “စာပေစကားနေ့တိုင်းကြားလော့” ဟောပြောပွဲနှင့် ပန်းချီဆရာ ကိုကောင်းစံ၊ ကာတွန်း ရွှေမင်းသား၊ ကဗျာဆရာ ကိုရဲအောင်နှင့် စာပေပညာရှင်တို့က ဂီတဖျော်ဖြေကြပြီး စာပေပဟေဠိကဏ္ဍတွင် ကြယ်စင်စာပေက စာအုပ်များကို လက်ဆောင်ပေးအပ်သည်။

 

a

 


ရန်ကုန်(စနေ-တနင်္ဂနွေ)စာအုပ်လမ်းကို ပြန်ကြားရေးဝန်ကြီးဌာနက ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့၏ ကူညီမှုဖြင့် စာအုပ်စာပေဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ ၂၀၁၇ခုနှစ်မှစ၍ ပွင့်လင်း ရာသီများတွင် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်းက ဦးစီးကျင်းပသည့် စာပေဟောပြောပွဲ၊ ရေးသူဖတ်သူဆွေးနွေးပွဲ၊ စာပေ မိတ်ဆက်ပွဲနှင့် စာပေပဟေဠိ စာအုပ်လက်ဆောင်ပေးခြင်း အစီအစဉ်များကို ပုံမှန် ကျင်းပခဲ့သည်။ ၂၀၂၀ ပြည့်နှစ်၊ ပွင့်လင်းရာသီဖြစ်သည့် အောက်တိုဘာလတွင် စ၍ပြန် လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)