မန္တလေး ၂၉ ဒီဇင်ဘာ

 

ဆစ်ခ်သာသနာကို စတင်တည်ထောင်ခဲ့သော ပထမဆစ်ခ်ဂုရုကြီး စရီဂရုနာနတ်က်ဒေးဝ်ကြီး၏ ရောင်ခြည်တော်ပွင့်တော်မူရာ နှစ် ၅၅၀ ပြည့် အထိမ်းအမှတ်ပွဲကို မန္တလေး အမျိုးသားကဇာတ်ရုံတွင် ယနေ့ မွန်းလွဲ ၂ နာရီမှ ၅ နာရီထိ ကျင်းပပြုလုပ်ခဲ့သည်။ အထိမ်းအမှတ်ပွဲတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆစ်ခ်မိသားစုဝင်များက နှစ် ၅၅၀ ပြည့်အထိမ်းအမှတ် ဆစ်ခ်ရိုးရာ ပဒေသာအကများဖြင့် ဖျော်ဖြေခဲ့ပြီး အိန္ဒိယသံအမတ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

ဓါတ်ပုံ - နေသူရိန်လင်း