မန္တလေး ၃၀ ဒီဇင်ဘာ

 

မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲ(၂၀၂၀)ကို ဇန်နဝါရီ၄ရက်(လွတ်လပ်ရေးနေ့)တွင် ကျင်းပမည် ဖြစ်ပြီး ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီးအလွတ်တန်း၊ အမျိုးသား အမျိုးသမီး လူသစ်တန်း ပြိုင်ပွဲများ ထည့်သွင်းယှဉ်ပြိုင်မည်ဖြစ်သည်။ပြိုင်ပွဲအား မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးရှေ့မှ နံနက် ၆ နာရီခွဲတွင် တာလွှတ်၍ ၂၆လမ်းအတိုင်း လမ်း၈၀အထိ၊ ၎င်းမှလမ်း၈၀အတိုင်း ၁၂လမ်းအထိ၊ ၎င်းမှ ၁၂လမ်းအတိုင်း ၇၃လမ်းအထိ၊ ၇၃လမ်းမှမန္တလေးတောင်ပတ်လမ်း၊ ၁၀လမ်းမှ အရှေ့သို့ ၆၂ လမ်းအထိ၊ ၆၂ လမ်းအတိုင်း ငုရွှေဝါလမ်းအထိ၊ ငုရွှေဝါလမ်းမှ ၆၈ လမ်းအထိ၊ ၆၈ လမ်းအတိုင်း မန္တလာသီရိ အားကစားကွင်းအထိ ၁၃မိုင်ခန့် ပြေးလမ်းသတ်မှတ်ထားသည်။

 

အလွတ်တန်း အမျိုးသား အမျိုးသမီး ပြိုင်ပွဲတွင် ပထမကျပ်သိန်း ၆၀၊ ဒုတိယကျပ်သိန်း ၄၀၊ တတိယကျပ်သိန်း ၃၀၊ လူသစ်တန်း အမျိုးသားအမျိုးသမီး ပြိုင်ပွဲတွင် ပထမကျပ်သိန်း ၆၀၊ ဒုတိယကျပ်သိန်း ၄၀၊ တတိယကျပ်သိန်း ၃၀နှင့် ကျန်ဆုများကို ထိုက်တန်စွာချီးမြှင့်သွားမည်ဖြစ်သည်။

 

ပြိုင်ပွဲဝင် လျှောက်လွှာတစ်စောင်လျှင် ကျပ်၃၀ဝနှုန်းဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီရုံးရှေ့ ၂၆ လမ်း ၇၁ လမ်းနှင့် ၇၂ လမ်းကြား ချမ်းအေးသာစံမြို့နယ်တွင် လည်းကောင်း၊ အောင်မြေသာစံမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး ၂၂ လမ်း နှင့် ၈၇ လမ်းထောင့်တွင် လည်းကောင်း၊ ချမ်းအေးသာစံမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးလမ်း ၂၉ လမ်း ၇၃ လမ်းနှင့် ၇၄ လမ်းကြားတွင်လည်းကောင်း၊ မဟာအောင်မြေမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး ၃၅ လမ်း နှင့် ၇၁ လမ်းထောင့် မဟာနွယ်စဉ် အားကစားကွင်းတွင် လည်းကောင်း၊ ချမ်းမြသာစည်မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး သိပ္ပံလမ်းတွင်လည်းကောင်း၊ ပြည်ကြီးတံခွန်မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး ကျွဲဆည်ကန် ချမ်းမြရွှေပြည်ဈေးအတွင်းတွင်လည်းကောင်း၊ အမရပူရမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံ မန္တလေး-စစ်ကိုင်းလမ်း စုပေါင်းရုံးဝင်းအတွင်းတွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၊ ဗထူး အားကစားခန်းမတွင် လည်းကောင်း နိုင်ငံသားစိစစ်ရေးကတ် မိတ္တူတင်ပြ၍ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး ဒီဇင်ဘာ ၁၅ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ရောင်းချပေးပြီး ဝယ်ယူထားသည့် လျှောက်လွှာများဖြင့် ဒီဇင်ဘာ ၂၇ ရက်မှစ၍ ၂၀၂၀ ဇန်နဝါရီ ၃ရက်အထိ ပြိုင်ပွဲဝင်အင်္ကျီများ လဲလှယ်ထုတ်ယူနိုင်ကြောင်း သိရသည်။

 

သီဟကိုကို(မန္တလေး)