ရန်ကုန် ၃၀ ဒီဇင်ဘာ    

တောင်ဥက္ကလာပမြို့နယ်၌ အကြိမ်(၇၀)မြောက်အဖြစ် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း အမှိုက်ကောက်လှုပ်ရှားမှုကို ယနေ့ နံနက်ပိုင်းက တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၂)ရပ်ကွက်ရှိ လမ်းများ၊ ရေမြောင်းများတွင် စုပေါင်းအမှိုက်ကောက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းအမှိုက်ကောက်လှုပ်ရှားမှုတွင် မြို့နယ်သူ မြို့နယ်သားများ၊ မြို့နယ်စည်ပင်သာယာရေးမှ ဝန်ထမ်းများ၊ ပရဟိတ အဖွဲ့များ၊ လူမှုကူညီရေးအဖွဲ့သားများဖြင့် စုပေါင်းဆောင်ရွက်ခဲ့သည်။

 

ေ

 

အဆိုပါ စုပေါင်းအမှိုက်ကောက်လှုပ်ရှားမှုကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် (၇၁)ကြိမ်မြောက်အဖြစ် တောင်ဥက္ကလာပမြို့နယ် အမှတ် (၁၃)ရပ်ကွက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

နေထက်အောင်