ကောလင်း ၃၀ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် LED ရောင်စုံမီးအလှထွန်းပွဲတော်သို့ လာရောက်ကြည့်ရှုသူ များပြားလျက်ရှိကြောင်း သိရသည်။

၎င်းမီးထွန်းပွဲတော်သို့ မိသားစုများ၊ သူငယ်ချင်းများ၊ ချစ်မိတ်ဆွေများနှင့် လာရောက်ကြည့်ရှုသူ များပြားလျက်ရှိသည်။အဆိုပါ LED ရောင်စုံမီးအလှထွန်းပွဲတော်ကို စည်ပင်သာယာရေးကော်မတီမှ ကြီးမှူး၍ ဗိုလ်ချုပ်ပန်းခြံ၌ ဒီဇင်ဘာ ၂၈ ရက်နေ့ညမှ ဇန်နဝါရီ ၅ရက်နေ့ ညအထိ ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။

မြင့်ထွန်းမင်း(ပြန်/ဆက်)