မန္တလေး ၃၀ ဒီဇင်ဘာ
သတင်းစာဆရာကြီး နတ်မောက်ထွန်းရှိန် ကွယ်လွန်ခြင်း တစ်လပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၆၈ လမ်း နှင့် ၆၉ လမ်းကြား၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြားရှိ မန္တလေးလူထုနေရာတွင် ကျင်းပသည်။
ရှေးဦးစွာ သတင်းစာဆရာ၊ စာရေးဆရာကြီးများ ဖြစ်ကြသည့် လူထုဦးသစ်လွင်၊ တရားလွှတ်တော် ရှေ့နေ ဦးထွန်းအောင်ကျော်၊ အမျိုးသားစာပေဆုရ ဆရာဆူးငှက်နှင့် ဆရာသိုက်ထွန်းသိုက်တို့က အောက်မေ့ဖွယ် အမှတ်တရစကားများ ပြောကြားသည်။
အခမ်းအနားသို့ ဆရာကြီး၏ မိသားစုဝင်များ၊ စာရေးဆရာ၊ ဆရာမများ၊ သတင်းစာဆရာ၊ ဆရာမများနှင့် မျိုးဆက်သစ် လူငယ်စာရေးဆရာ၊ ဆရာမများနှင့် သတင်းစာဆရာ၊ ဆရာမများ တက်ရောက်ခဲ့ပြီး နတ်မောက်ထွန်းရှိန် ဖြတ်သန်းခဲ့သော အမှတ်တရပုံရိပ်များ၊ ဆရာကြီးအသုံးပြုခဲ့သော အသုံးအဆောင်များနှင့် ဆရာကြီးရေးသားခဲ့သောစာများကို ပြသထားကြောင်း သိရသည်။
တင်ဇာလှိုင်