ကျောက်ပန်းတောင်း  ၃၀  ဒီဇင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့၏ သမိုင်းဝင်ဘုရားတစ်ဆူဖြစ်သော မြတ်ရွှေဂူ ဘုရားကြီး၏ (၂၀၄)နှစ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်အထိမ်းအမှတ် ပိုက်ကျော်ခြင်းခတ် ပြိုင်ပွဲများကို ယမန်နေ့ ညနေပိုင်းက အဆိုပါ ဘုရားကြီး ပရဝဏ်တွင် ကျင်းပလျက်ရှိသည်။

 

69

 

ကျောက်ပန်းတောင်းမြို့ရှိ သမိုင်းဝင် ဆုတောင်းပြည့် မြတ်ရွှေဂူဘုရားကြီးကို အင်းဝဘိုးတော်ဘုရား နန်းတက်ပြီး(၅) နှစ်အကြာတွင် ဝက်မစွတ်မင်းကြီးဆွေတော်မျိုးတော်ဖြစ်သော မူလဘုရားဒါယကာ မြို့စားမင်းကြီး မဟာသီရိသီဟဗိုလ်က မိမိပိုင်ပစ္စည်းများကိုထုခွဲရောင်းချပြီး မြန်မာသက္ကရာဇ် (၁၁၇၇)ခုနှစ်တွင် စတင်တည်ထားခဲ့ခြင်းဖြစ်ကြောင်းသိရပြီး၊ အဆိုပါ ဘုရားပွဲတော်ကို နှစ်စဉ် နတ်တော်လဆန်း ၈ ရက်မှ ပြာသိုလဆန်း ၈ ရက်အထိ ကျင်းပလေ့ရှိပြီး ဗုဒ္ဓပူဇနိယပွဲတော် စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မြတ်ရွှေဂူ ဘုရားဂေါပကအဖွဲ့၊ မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် မြို့နယ်ပိုက်ကျော်ခြင်းကော်မတီတို့ ပူးပေါင်း၍ ပိုက်ကျော်ခြင်းခတ် ပြိုင်ပွဲများကို ထည့်သွင်းကျင်း ပခြင်းဖြစ်သည်။

 

အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်းမှ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၃၀ ရက်နေ့ ညနေပိုင်းတွင် ဖိုင်နယ်ပွဲစဉ်များ ကျင်းပမည်ဖြစ်ပြီး ဆုရရှိသည့် အသင်းကို ဆုများပေးအပ် ချီးမြှင့်သွားမည် ဖြစ်သည်။

 

အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပိုက်ကျော်ခြင်းအသင်း စုစုပေါင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင် လျက်ရှိကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)