ရန်ကုန် ၃၀ ဒီဇင်ဘာ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကယားပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ၊ ကယားပြည်နယ် တိုင်းရင်းသား လုပ်ငန်းရှင်များ အသင်းတို့မှ ဦးဆောင်ကျင်းပမည့် ``သွေးချင်းတို့ရဲ့ ပွဲတော်ဆီ´´ ကို ရန်ကုန်မြို့ရှိ ကျိုက္ကဆံ အားကစားကွင်းတွင် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ၁ ရက်မှ ၇ ရက်အထိ ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်းကြီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါ ပွဲတော်တွင် အခမဲ့ဖျော်ဖြေ တင်ဆက်မှုများအဖြစ် နိုင်ငံကျော်တေးသံရှင်များနှင့်အတူ ပျော်ရွှင်ဖွယ်ရာ ကစားနည်းများဖြင့် ပွဲတော်ရက်အတွင်း ပျော်ရွှင်စွာ ဆင်နွဲကြမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနား ပြင်ဆင်မှုအဖြစ် ယူနက်စကိုမှ အသိအမှတ် ပြုထားသည့် ပုဂံယဉ်ကျေးမှုနယ်မြေမှ လက်ရာပုံတူများ၊ ပုဂံသူရဲကောင်းများ၏ ရုပ်တုများ၊ ပုဂံမြို့အဝင် သရပါ မုခ်ဦး အစရှိသည့် အထင်ကရ အမှတ်တရများ ပြသထားမည်ဖြစ်ပြီး ပြပွဲကိုနံနက် ၁၁ နာရီမှ ည၁၀နာရီအထိ ကျင်းပသွားမည်ကြောင်းသိရသည်။
အေကေလင်း