နေပြည်တော်  ၃၀  ဒီဇင်ဘာ

ဂူတာပြင်ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ဆေးစီရင်ရန်အတွက် တပ်မတော်အက် ဥပဒေ၊ တပ်မတော် နည်းဥပဒေများနှင့်အညီ ဖွဲ့စည်းထားသည့် စစ်တရားရုံးသည် နိုဝင်ဘာ ၂၆ ရက်မှစတင်၍ ဘူးသီးတောင်မြို့ နယ်မြေခံတပ်၌ ရုံးထိုင်စစ်ဆေးခဲ့ပြီး သက်သေများအား စစ်မေးမှုကို စစ်တရားရုံး၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ စစ်တရားရုံး ရုံးထိုင်စစ်ဆေးခြင်းအား ယနေ့အထိ စုစုပေါင်း ၅ ကြိမ် ရုံးထိုင်စစ်ဆေးခဲ့ပြီး စွပ်စွဲခံရသူများအပေါ် တရားလိုဘက်အရာရှိက တင်သွင်းသည့် တရားလိုဘက်တပ်မတော်သား သက်သေများနှင့် အရပ်သားသက်သေများကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။

ကျန်ရှိနေသည့် တရားလိုဘက်သက်သေများနှင့် တရားခံဘက်အရာရှိက တင်သွင်းမည့် တရားခံဘက် သက်သေများကို စစ်တရားရုံး၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်စစ်ဆေး ဆောင်ရွက်သွား မည်ဖြစ်သည်။

အဆိုပါ စစ်တရားရုံး ၅ ကြိမ် ရုံးထိုင်စစ်ဆေးမှုများကို ဒေသခံအမျိုးသားနှင့် အမျိုးသမီး စုစုပေါင်း ၂၆၄ ဦး တက်ရောက်လေ့လာခဲ့ကြကြောင်း တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

သတင်းစဉ်