နတ်မောက်   ၃၁ ဒီဇင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက လဲဘူးကျေးရွာအုပ်စု၊ ကျောက်အိုးကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် သောက်သုံးရေရရှိရေး စက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုကို  ယနေ့နံနက် ၉ နာရီက  ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

01

 

ထိုသို့ကွင်းဆင်း စစ်ဆေးရာတွင် မကွေးခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဇောဟိန်းနှင့် နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကြည်ကြည်ခိုင်နှင့် တာဝန်ရှိသူများက ကျေးရွာရေပေးရေး ကော်မတီဝင်များ နှင့်အတူ ကျောက်အိုးကျေးရွာ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးကာ စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားပါသည်။

 

03

 

အဆိုပါ ကျောက်အိုးကျေးရွာ သောက်သုံးရေရရှိရေးလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ကျပ် ၂၄ ဒသမ ၁ သန်းဖြင့် အနက်ပေ ၇၀ဝ ခန့်ရှိ စက်ရေတွင်းတူးဖော်ခြင်း ၊ ဂါလန် ၅၀ဝ၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်း၊ အလျား ၁၀ ပေ၊ အနံ ရှစ်ပေ၊ အမြင့် ရှစ်ပေရှိ ရေစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ စက်ရေတွင်းနှင့် ဆက်စပ် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ(၁၀၆)၊ လူဦးရေ(၇၃၄)တို့၏ သောက်သုံးရေ အခက်အခဲများ အဆင်ပြေသွားမည်ဖြစ်ကြောင်း သိရသည်။

 

9

 

နတ်မောက်မြို့နယ်အတွင်း ယခုဘဏ္ဍာရေးနှစ်တွင် ရေရရှိရေး လုပ်ငန်းများကို ကျောက်အိုး၊ ထန်းပင်မျှောင်၊ ဂွေးတောက်ကုန်း၊ သပြေလှကျေးရွာများ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဂါလန် ၅၀ဝ၀ ဆံ အုတ်ရေကန် တည်ဆောက်ခြင်း၊  အလျား ၁၀ပေ အနံ ၈ ပေ အမြင့် ၈ ပေ ရှိ ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများကိုလည်းကောင်း၊ ဂွေးပင်ကျေးရွာတွင် စင်မြင့်ရေစင် ဂါလံ(၂၄၀ဝ) တည်ဆောက်ခြင်း လုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေ ကျပ်(၉၀.၉၃၇)သန်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

8

 

စိုးမိုးကျော်