သုံးခွ ၂ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့ အမှတ်(၈) (၁၀)ရပ်ကွက်ရှိ ဥက္ကံဘုရားကြီး မဏ္ဍိုင်ပရိယတ္တိ စာသင်တိုက်၌ နှစ် (၁၀ဝ)ပြည့် ရွှေကျင်နိကာယဝိနယ ဓမ္မစာတော်ပြန်ပွဲကြီးတွင် အထူးဓမ္မသဘင်ပွဲ ဆင်ယင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၆ ရက်တွင် ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒကလည်းကောင်း၊ ဇန်နဝါရီ ၇ ရက်တွင် ရွှေရင်အေးဆရာတော် အရှင်ပညာနန္ဒကလည်းကောင်း၊ ဇန်နဝါရီ ၈ ရက်တွင် သီတဂူဆရာတော် အရှင်ဉာဏိဿရ ကလည်းကောင်း ညစဉ် ၇ နာရီတွင် တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးမည်ဖြစ်သောကြောင့် တရားတော်များ နာကြားနိုင်ရန် ကြွရောက်ကြပါရန် အသိပေး နှိုးဆော်ထားကြောင်း သိရှိရသည်။
ကိုကျော်(သုံးခွ)