မော်လမြိုင် ၂ ဇန်နဝါရီ 

 

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

 

2

 

အခမ်းအနားတွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးနှင့် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးလှထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြခန်းအတွင်းသို့ လှည့်လည်ကြည့်ရှုကြသည်။

 

8

 

အဆိုပါ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းတွင် လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်ခဲ့မှု သမိုင်း မှတ်တမ်းဓါတ်ပုံများ၊ နိုင်ငံတော်အကြီးအကဲများ မွန်ပြည်နယ် အတွင်းရောက်ရှိမှု မှတ်တမ်းဓာတ်ပုံများ၊ မွန်ပြည်နယ် အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများနှင့် ဌာနဆိုင်ရာများမှ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို ပြဘုတ် (၂၆)ဘုတ်ဖြင့် ဇန်နဝါရီ ၂ ရက်မှ ၇ ရက်အထိ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

68

 

ဝေလင်း(ပြန်/ဆက်)

 

8