ပုသိမ် ၂ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ၂၀၂၀ ပြည့်နှစ် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲနှင့် ကလေးပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြိုတော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် အ.ထ.က(၂) ကျောင်းသား/ကျောင်းသူများက ဗိုလ်ရှုသဘင် သီချင်းဖြင့် ဂုဏ်ပြု ဖျော်ဖြေခဲ့ကြပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက္ကသိုလ်/ကောလိပ်၊ အထက်တန်း၊ အလယ်တန်း အဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများ၊ ကလေးပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုများချီးမြှင့်ခဲ့ကြကာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုရရှိသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ကျောင်းသူ/ကျောင်းသားများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ပြီး အ.ထ.က(၅)မှ ကျောင်းသား/ကျောင်းသူများက ဇာတိမာန်သီချင်း သီဆိုဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)