ဂန့်ဂေါ ၂ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ စည်ပင်သာယာရပ်ကွက်ရှိ သမိုင်းဝင်ဇမ္ဗူ့ထိပ်ခေါင် ရန်မျိုးအောင် ဆုတောင်းပြည့် မြတ်စွာဘုရား သံဃဒါနဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယနေ့နံနက် ၈ နာရီက သမိုင်းဝင် ဇမ္ဗူ့ထိပ်ခေါင်ရန်မျိုးအောင် ဆုတောင်းပြည့်မြတ်စွာဘုရားအနီး ဗိုလ်ချုပ်လမ်းတစ်လျှောက် ဘုရားအမှူးပြုသည့် သံဃာတော်အပါး (၂၀ဝ) ကျော် အလှူခံကြွရောက်ကြ၍ ပြည်သူ ၂၀ဝ၀ ခန့် ဆွမ်းဆန်စိမ်း လောင်းလှူကြသည်။

ဆက်လက်၍ သမိုင်းဝင် ဇမ္ဗူ့ထိပ်ခေါင်ရန်မျိုးအောင် ဆုတောင်းပြည့်မြတ်စွာဘုရားကြီး ဂန္ဓကုဋိတိုက်၌ မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မြို့ခင်းသာ ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဇဋိလထံမှ ငါးပါးသီလကို ခံယူဆောက်တည်၍ လှူဒါန်းမှူအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကြောင်း သိရသည်။

ထင်အောင်နိုင်(ပြန်/ဆက်)