မန္တလေး ၂ ဇန်နဝါရီ 

 

G.BANK မန္တလေးဘဏ်ခွဲ-(၁)၊ လမ်း(၈၀)ဘဏ်ခွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၄၅၄) လမ်း ၈၀ နှင့် ၂၈ လမ်းထောင့်ရှိ G.BANK တည်ရှိရာ မန္တလေး G.BANK ဘဏ်ခွဲ(၁)တွင် ကျင်းပသည်။

 

အခမ်းအနားတွင် G.BANK ဘဏ်ခွဲ(၁)၏ ဒုတိယဥက္ကဋ္ဌ ဦးမောင်ကိုနှင့် ဇနီး၊ ဒုတိယ အမှူဆောင်အရာရှိချုပ် ဦးရဲမြင့်၊ ဒုတိယအမှူဆောင် အရာရှိချုပ် ဦးစိုင်းအောင်မင်းလတ်၊ အမှူဆောင် ဒါရိုက်တာ ဒေါ်ခင်သူဇာထူးနှင့် ဧည့်သည်တော်များမှ အမွှေးနံ့သာရည်များ ပတ်ဖျန်း၍ မန္တလေး G.BANK ဘဏ်ခွဲ(၁)ကို ဖွင့်လှစ်ပေးပြီး တက်ရောက်လာသည့် ဧည့်သည်များက ဘဏ်စာရင်းများ ဖွင့်လှစ်ခဲ့သည်။

 

G.BANK ဘဏ်များကို မုံရွာဘဏ်ခွဲ၊ ကလေးဘဏ်ခွဲ၊ ရွှေဘိုဘဏ်ခွဲ၊ ဟုမ္မလင်းဘဏ်ခွဲ၊ ဘုရင့်နောင် ဘဏ်ခွဲတို့ကို ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ Banking Services အနေဖြင့် စာရင်းရှင်စာရင်း၊ ငွေစုဘဏ်အပ်ငွေစာရင်း၊ စာရင်းသေအပ်ငွေစာရင်း၊ ခေါ်ယူအပ်ငွေစာရင်း၊ မြန်နှုန်းမြင့် အပ်ငွေစာရင်း တို့ကို အဆင်ပြေချောမွေ့စွာ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

 

ခင်ခင်ဝင်း (ပညာရေး)