နေပြည်တော် ၂ ဇန်နဝါရီ

 

၂၀၂၀ ပြည့်နှစ်၊ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားအား နေပြည်တော်၊ မြို့တော်ခန်းမရင်ပြင်၌ ကျင်းပပြုလုပ်မည်ဖြစ်သဖြင့် (ဝတ်စုံပြည့်) အစမ်းလေ့ကျင့်မည့် ဇန်နဝါရီ ၂ ရက်နှင့် အခမ်းအနားကျင်းပမည့် ဇန်နဝါရီ ၄ ရက်တို့တွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညို လမ်းပေါ်ရှိ စည်ပင်ဧည့်ရိပ်သာမီးပွိုင့်မှ သပြေကုန်းဈေးထောင့် လမ်းဆုံမီးပွိုင့် အထိ ယာဉ်သွားလာမှုများအား နံနက် ၂ နာရီမှ ၈ နာရီအထိ ခေတ္တလမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်မည် ဖြစ်ကြောင်း နေပြည်တော် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ အသိပေး နှိုးဆော်ထားသည်။

 

ယာဉ်အသုံးပြု သွားလာနေကြသူများအနေဖြင့် ၎င်းနေ့ရက်များတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ စည်ပင်ဧည့်ရိပ်သာမီးပွိုင့်မှ တော်ဝင်ရတနာလမ်းအတိုင်း ရွှေကြာပင် မီးပွိုင့်ဘက်သို့ လည်းကောင်း၊ ဈေးထောင့်လမ်းဆုံမီးပွိုင့်မှ ပိတောက်လမ်းအတိုင်း ဧရာဝတီ လမ်းဘက်သို့ လည်းကောင်း လမ်းလွှဲမောင်းနှင်ပေးကြပါရန် အသိပေးနှိုးဆော်ထားသည်။

 

MDN