မြင်းခြံ ၂ ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့တွင် (၂၀၁၉)ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းအတွက် မြင်းခြံခရိုင် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲကို မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

 

6

 

ဖွင့်ပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်က အမှာစကားပြောကြားခဲ့ပြီး အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြင်းခြံခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးညွန့်က သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရာတွင် နိုင်ငံတကာတွင် အသုံးပြုနေသော နည်းစနစ်ဖြစ်သည့် Mobile Tablet ကို အသုံးပြုပြီး CAPI (Computer Assisted Personal Interviewing) စနစ်ဖြင့် ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ သင်တန်းကို မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်မြို့များမှ သင်တန်းသား/သင်တန်းသူ (၃၈)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁၁) ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။

 

ဇော်မင်းနိုင်(မြင်းခြံ)