မတ္တရာ ၂ ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် မြို့နယ်ပညာရေးမှူးဖလား အသက် (၁၀)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇန်နဝါရီ ၁ ရက် မွန်းလွဲ ၃ နာရီက ကံဖြူကျေးရွာ ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။

 

2

 

ဗိုလ်လုပွဲတွင် မြို့မ(၁)အုပ်စု ဘောလုံးအသင်းနှင့် လွန်တောင်းအုပ်စု ဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ မြို့မ(၁)အုပ်စု ဘောလုံးအသင်းမှ ၃ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရပြီး ပထမဆုကို ရရှိသွားခဲ့သည်။ ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ နေရာအလိုက် အကောင်းဆုံး ကစားသမား ဆုများနှင့် စတုတ္ထဆုရရှိသော ရေနား-၁ အသင်းအား ဒုတိယမြို့နယ်အုပ်ရေးမှူး ဦးဇော်ဝင်းကြိုင်၊ တတိယဆုရရှိသော ရေနား-၂ အသင်းအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အေး၊ ဒုတိယဆုရရှိသော လွန်တောင်းအသင်းအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလွင်၊ ပထမဆုရရှိသော မြို့မ-၁ အသင်းအား မြို့နယ်ပညာရေးမှူး ဒေါက်တာအေးအေးသန့် တို့မှ ဆုတံဆိပ်နှင့် ဆုဖလားများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

3

 

အသက်(၁၀)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို အသင်း(၁၅)သင်းဖြင့် ဒီဇင်ဘာ ၂၂ ရက်မှ ဇန်နဝါရီ ၁ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

စိုးကျော်သူထွေး(မတ္တရာ)